YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 2:10-13

ဇာခရိ 2:10-13 JBMLE

အို ဇိ​အုန်​သ​တို့​သ​မီး၊ သီ​ချင်း​ဆို၍ ရွှင်​လန်း​လော့။ ငါ​လာ၍ သင့်​အ​လယ်၌ နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကာ​လ၌ လူ​မျိုး​အ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့​ဝင်​စား၍ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ သင့်​အ​လယ်၌ ငါ​နေ​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​ဆီ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ပြည်၌ မိ​မိ​အ​ဖို့ ယု​ဒ​ပြည်​ကို အ​မွေ​ခံ၍ တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​ချယ်​တော်​မူ​လိမ့်​မည်။ အို လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ သန့်​ရှင်း​သော ကျိန်း​ဝပ်​ရာ​ဌာ​န​တော်၌ ထ​တော်​မူ​ပြီ။