YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 14:1-5

ဇာခရိ 14:1-5 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​သော​အ​ခါ၊ သူ​တစ်​ပါး​တို့​သည် သင်၏​ဥ​စ္စာ​ကို​လု​ယူ၍ သင့်​အ​လယ်၌ ဝေ​ဖန်​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​စေ​မည်။ မြို့​ကို​တိုက်​ယူ​ပြီး​လျှင်၊ အိမ်​တို့​ကို​လု​ယက်၍ မိန်း​မ​တို့​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။ မြို့​သား​တစ်​ဝက်​ကို​သိမ်း​သွား၍ တစ်​ဝက်​သာ မြို့၌​ကျန်​ကြွင်း​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း စစ်​တိုက်​ရာ​ကာ​လ၌ တိုက်​သ​ကဲ့​သို့၊ ထို​လူ​မျိုး​တို့​ကို တိုက်​သွား​တော်​မူ​မည်။ ထို​နေ့​ရက်၌ ခြေ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ အ​ရှေ့၊ သံ​လွင်​တောင်​ပေါ်​မှာ​ရပ်၍၊ သံ​လွင်​တောင်​သည် အ​ရှေ့​ဘက်​မှ အ​နောက်​ဘက်​တိုင်​အောင် အ​လယ်၌​ကွဲ​သ​ဖြင့်၊ အ​လွန်​ကြီး​သော​ချိုင့်​ဖြစ်​လိမ့်​မည်။ တောင်​တစ်​ဝက်​သည် မြောက်​ဘက်​သို့​လည်း​ကောင်း၊ တစ်​ဝက်​သည် တောင်​ဘက်​သို့​လည်း​ကောင်း ရွှေ့​ရ​လိမ့်​မည်။ သင်​တို့​သည် ငါ့​တောင်​ကြား​ချိုင့်​လမ်း​ဖြင့် ပြေး​ကြ​လိမ့်​မည်။ ထို​ချိုင့်​သည် အာ​ဇ​လ​မြို့​တိုင်​အောင် မီ လိမ့်​မည်။ ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း​လက်​ထက်၊ မြေ​ကြီး​လှုပ်၍ သင်​တို့​သည် ပြေး​သ​ကဲ့​သို့ တစ်​ဖန် ပြေး​ကြ​လိမ့်​မည်။ ငါ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ၍၊ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ပါ​ကြ​လိမ့်​မည်။