YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 1:7-21

ဇာခရိ 1:7-21 JBMLE

ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဧ​ကာ​ဒ​သ​မ​လ​တည်း​ဟူ​သော ရှေ​ဗတ်​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဣ​ဒေါ​သား​ဖြစ်​သော ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊ ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။ ငါ​က​လည်း၊ အို သ​ခင်၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို ငါ​ပြ​မည်​ဟု ဆို​ပြီး​မှ၊ မု​ရ​တု​တော၌ ရပ်​သော​လူ​က၊ ထို​သူ​တို့​သည် မြေ​ကြီး​အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​တော်​မူ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။ ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် မြေ​ကြီး အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​ပါ​ပြီ။ မြေ​ကြီး​တစ်​လျှောက်​လုံး​သည် အ​မှု​မ​ရှိ။ ငြိမ်​ဝပ်​လျက်​ရှိ​ပါ၏​ဟု မု​ရ​တု​တော၌​ရပ်​သော ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​အား ပြန်​လျှောက်​ကြ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အို ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​မြို့​များ​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​သ​နား​ဘဲ နေ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ကောင်း​သော​စ​ကား၊ နှစ်​သိမ့်​စေ​သော​စ​ကား ပြန်​ပြော​တော်​မူ၏။ ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​ကြင်​နာ​သော​စိတ်​အား​ကြီး၏။ ငြိမ်​ဝပ်​စွာ​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​လွန်​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​နည်း​ငယ် အ​မျက်​ထွက်​သော​အ​ခါ သူ​တို့​သည် ဝိုင်း၍ ညှဉ်း​ဆဲ​ကြ​ပြီ။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျေး​ဇူး​ပြု​ချင်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​ပြန်​လာ​ပြီ။ ဤ​မြို့​တွင် ငါ့​အိမ်​ကို တည်​ဆောက်​ရ​မည်။ မြို့​ရာ​ကို​လည်း တိုင်း​ထွာ​ရ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ၏​မြို့​ရွာ​တို့​သည် အ​ရပ်​ရပ်၌ နှံ့​ပြား၍ စည်​ပင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​သား​တို့​ကို နှစ်​သိမ့်​စေ​ဦး​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရွေး​ကောက်၍ ပြု​စု​ဦး​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ငါ​မျှော်​ကြည့်၍ ဦး​ချို​လေး​ချောင်း​ကို မြင်၏။ ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား​လည်း၊ ထို​ဦး​ချို​တို့​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊ ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​သည်​ဟု ပြန်​ပြော၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း လက်​သ​မား​လေး​ဦး​တို့​ကို ပြ​တော်​မူ၏။ ငါ​က​လည်း၊ ဤ​သူ​တို့​သည် အ​ဘယ်​အ​မှု​ကို ပြု​ခြင်း​ငှာ​လာ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ကောင်း​ကင်​တ​မန်​က၊ ထို​ဦး​ချို​တို့​သည် အ​ဘယ်​သူ​မျှ​မျှော်၍ မ​ကြည့်​ဝံ့​အောင်၊ ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​ကြ၏။ ဤ​လက်​သ​မား​တို့​သည် ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​ခြင်း​ငှာ တိုက်​လာ​သော​ထို​ဦး​ချို​တို့​ကို ခြိမ်း​မောင်း၍၊ တစ်​ပါး​အ​မျိုး၏​ဦး​ချို​တို့​ကို ရှုတ်​ချ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။