YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 3:1-7

တိတု 3:1-7 JBMLE

လူ​တို့​သည် အ​ထွတ်​အ​မြတ်​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း၏​စ​ကား​ကို နား​ထောင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု၍ အ​သင့်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- အ​ဘယ်​သူ​ကို​မျှ​မ​ကဲ့​ရဲ့၊ ရန်​တွေ့​ခြင်း​ကို​မ​ပြု၊ ဖြည်း​ညင်း​သော သ​ဘော​ရှိ၍၊ ခပ်​သိမ်း​သော သူ​တို့၌ အ​လွန်​နူး​ညံ့​သိမ်​မွေ့​စွာ ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း သ​တိ​ပေး​လော့။- အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။- ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ စေ​တ​နာ​တော်​နှင့် လူ​တို့​ကို​ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ပေါ်​ထွန်း​သော​အ​ခါ၊- ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။- ငါ​တို့​ကို ကယ်​တင်​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ပေါ်​သို့ ထို​ဝိ​ညာဉ်​တော်​ကို ကြွယ်​ဝ​စွာ သွန်း​လောင်း​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​နှင့်​အ​ညီ အ​မွေ​ခံ​ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။