YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 1:7-14

တိတု 1:7-14 JBMLE

အ​ကြောင်း​မူ​ကား၊ သင်း​အုပ်​သည် ဘု​ရား​သ​ခင်၏ ဘ​ဏ္ဍာ​စိုး​ကဲ့​သို့၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ ဖြစ်​ရ​မည်။ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ၊ စိတ်​တို​သော​သူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူ​တစ်​ပါး​ကို ရိုက်​ပုတ်​သော​သူ၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ဘဲ၊- ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ သူ​တော်​ကောင်း​နှင့် အ​ဆွေ​ဖွဲ့​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ ဖြောင့်​မတ်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ကာ​မ​ဂုဏ်​ကို ချုပ်​တည်း​သော​သူ​ဖြစ်​ရ​မည်။- စင်​ကြယ်​သော ဩ​ဝါ​ဒ​အား​ဖြင့် တိုက်​တွန်း​သွေး​ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ခုံ​သော​သူ​တို့၏ စ​ကား​ကို ချေ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​တိုင်​သင်​ပြီး​သော သ​စ္စာ​စ​ကား​တော်​ကို အ​မြဲ​စွဲ​လမ်း​သော​သူ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ နား​မ​ထောင်​ဘဲ အ​ချည်း​နှီး​သော စ​ကား​ကို​ပြော၍၊ လှည့်​ဖြား​တတ်​သော​သူ​အ​များ ရှိ​ကြ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့​တွင်​လည်း အ​ထူး​သ​ဖြင့်​ရှိ​ကြ၏။- ထို​သူ​တို့၏​နှုတ်​ကို ပိတ်​ရ​မည်။ သူ​တို့​သည် မ​စင်​ကြယ်​သော စီး​ပွား​ကို​တပ်​မက်​လျက်၊ မ​ပေး​အပ်​သော ဩ​ဝါ​ဒ​ကို​ပေး၍၊ တစ်​အိမ်​ထောင်​လုံး​ကို မှောက်​လှန်​တတ်​ကြ၏။- သူ​တို့​အ​ပါ​အ​ဝင်၊ အ​မျိုး​သား​ချင်း​ပ​ရော​ဖက် ဆ​ရာ​တစ်​ယောက်​က၊ က​ရက်​သား​မြဲ၊ မု​သား​စွဲ​လမ်း၊ သား​ရဲ​ကြမ်း​ကြုတ်၊ စား​ကြူး​တုတ်​တုတ်၊ လူ​ယုတ်​ပေ​ဟု စပ်​ဆို​သ​တည်း။- ဤ​သက်​သေ မှန်၏။ ထို​ကြောင့်၊ သူ​တို့​သည် ယု​ဒ​ဒ​ဏ္ဏာ​ရီ​စ​ကား​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​စွန့်​သော လူ​တို့၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ အ​မှု​မ​ထား​ဘဲ ယုံ​ကြည်​ခြင်း​အ​မှု၌ စင်​ကြယ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကျပ်​တည်း​စွာ ဆုံး​မ​ပြစ်​တင်​လော့။