သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကိုနမ်းပါစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ကောင်းပါ၏။ ကိုယ်တော်၌ မွှေးကြိုင်သော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသော နံ့သာဆီဖြစ်ပါ၏။ ထိုကြောင့် သတို့သမီးကညာတို့သည် ကိုယ်တော်ကို ချစ်ကြပါ၏။ ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့သည် နောက်တော်သို့ ပြေး၍လိုက်ကြပါမည်။ အရှင်မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည်ထက် သာ၍ချီးမွမ်းကြမည်။ သတို့သမီးကညာတို့သည် ကိုယ်တော်ကို မှန်ကန်စွာ ချစ်ကြပါ၏။ အိုယေရုရှလင်မြို့သမီးတို့၊ ငါသည် ကေဒတဲကဲ့သို့ မည်းသောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ကုလားကာကဲ့သို့ တင့်တယ်သေး၏။ ငါသည် နေပူကိုခံ၍ မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကို မကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။ ကျွန်မ နှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကို အဘယ်မှာ ထိန်းတော်မူသည်ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌ အဘယ်မှာ အရိပ်ခိုစေတော်မူသည်ကိုလည်းကောင်း ပြတော်မူပါ။ ကျွန်မသည် အခြားတစ်ပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
သီချင်း 1 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သီချင်း 1:2-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ