YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 3:11-18

ရု​သ​ 3:11-18 JBMLE

မ​စိုး​ရိမ်​နှင့် ငါ့​သ​မီး။ တောင်း​သ​မျှ​ကို ငါ​ပြု​မည်။ သင်​သည် သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ ဖြစ်​ကြောင်း​ကို ငါ့​လူ​မျိုး​နေ​သော တစ်​မြို့​လုံး​သိ၏။ ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။ ယ​နေ့​ည​မှာ နေ​ဦး​တော့၊ ထို​သူ​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း ဝတ်​ကို​ပြု​လို​လျှင် ပြု​ပါ​လေ​စေ။ ကောင်း၏။ မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​မည်။ နံ​နက်​တိုင်​အောင် အိပ်​ဦး​တော့ ဟု​ဆို၏။ ရု​သ​သည် နံ​နက်​တိုင်​အောင် သူ့​ခြေ​ရင်း​နား​မှာ​အိပ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် သိ​နိုင်​သော​အ​ချိန်​မ​ရောက်​မီ ထ​လေ၏။ ယောက်ျား​က​လည်း၊ မိန်း​မ​သည် ဤ​ကောက်​နယ်​တ​လင်း​သို့ လာ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​နှင့်​ဟု ဆို၏။ တစ်​ဖန် သင်၌​ပါ​သော တင်း​တိမ်​ကို​ယူ​ခဲ့၍ ဖြန့်​ခင်း​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရု​သ​ဖြန့်​လျက် မု​ယော​စ​ပါး​ခြောက်​ဩ​မဲ​ကို ခြင်၍ သူ့​အ​ပေါ်​မှာ​တင်​သ​ဖြင့်၊ သူ​သည် မြို့​ထဲ​သို့​သွား​လေ၏။ ယော​က္ခ​မ​ထံ​သို့ ရောက်​သော​အ​ခါ၊ ယော​က္ခ​မ​က အ​ဘယ်​သို့​နည်း​ဟု မေး​လျှင်၊ မိ​မိ၌​ထို​သူ​ပြု​သ​မျှ​ကို​လည်း​ကောင်း၊ သူ​က၊ သင်​သည် ယော​က္ခ​မ​ထံ​သို့ လက်​ချည်း​မ​သွား​နှင့်​ဟု ဆို​လျက် မု​ယော​စ​ပါး ခြောက်​ဩ​မဲ​ပေး​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လေ၏။ ယော​က္ခ​မ​က​လည်း၊ ငါ့​သ​မီး၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​ပြီး​လိမ့်​မည်​ကို မ​သိ​မီ​တိုင်​အောင် ထိုင်​နေ​တော့။ ယောက်ျား​သည် ယ​နေ့ ဤ​အ​မှု​ကို​မ​ပြီး​စီး​မီ ငြိမ်​ဝပ်​စွာ​မ​နေ​ဟု ပြော​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။