YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 3:1-5

ရု​သ​ 3:1-5 JBMLE

တစ်​ဖန် ယော​က္ခ​မ​နော​မိ​က၊ ငါ့​သ​မီး၊ သင့်​ကို​ချမ်း​သာ​စေ​ခြင်း​ငှာ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကို သင့်​အ​ဖို့ ငါ​မ​ရှာ​ရ​သ​လော။ သင်​ပေါင်း​ဖော်​သော ကျွန်​မ​တို့၏​သ​ခင် ဗော​ဇ​သည် ငါ​တို့​ပေါက်​ဖော်​ဖြစ်​သည် မ​ဟုတ်​လော။ ယ​နေ့​ည​မှာ ကောက်​နယ်​တ​လင်း၌ မု​ယော​စ​ပါး​ကို လှေ့​လျက်​နေ၏။ သင်​သည် ရေ​ချိုး​ခြင်း၊ ဆီ​လိမ်း​ခြင်း၊ အ​ဝတ်​တန်​ဆာ​ဆင်​ခြင်း​ကို ပြု​ပြီး​လျှင် ကောက်​နယ်​တ​လင်း​သို့ သွား​တော့။ သူ​သည် စား​သောက်​ခြင်း​အ​မှု​ကို​မ​ပြီး​မီ ကိုယ်​ကို​မ​ပြ​နှင့်။ သူ​အိပ်​သော​အ​ခါ၊ အိပ်​ရာ​အ​ရပ်​ကို​မှတ်​ပြီး​မှ ဝင်၍ သူ့​ခြေ၌​ဖုံး​သော အ​ဝတ်​ကို​ဖွင့်​ပြီး​လျှင် အိပ်​တော့။ သင်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သူ​ပြော​လိမ့်​မည်​ဟု​ဆို​သော်၊ ရု​သ​က၊ မိ​ခင်​မှာ​ထား​သ​မျှ​တို့​ကို ပြု​ပါ​မည်​ဟု ဝန်​ခံ​လျက်၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။