YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 2:2-7

ရု​သ​ 2:2-7 JBMLE

မော​ဘ​ပြည်​သူ​ရု​သ​က၊ ကျွန်​မ​သည် လယ်​ပြင်​သို့​သွား၍ စိတ်​နှင့်​တွေ့​သော​သူ​နောက်​မှာ စ​ပါး​ကျန်​ကို ကောက်​ပါ​ရ​စေ​ဟု နော​မိ၌​အ​ခွင့်​ပန်​လျှင်၊ နော​မိ​က၊ သွား​တော့​ငါ့​သ​မီး​ဟု ဆို၏။ ရု​သ​သည်​သွား၍ စ​ပါး​ရိတ်​သော​သူ​တို့​နောက်​မှာ၊ စ​ပါး​ကျန်​ကို ကောက်​သည်​တွင်၊ ဧ​လိ​မ​လက်၏​အ​ဆွေ​အ​မျိုး ဗော​ဇ​ပိုင်​သော​လယ်၌ အ​မှတ်​တ​မဲ့ နေ​ရာ​ကျ၏။ ထို​အ​ခါ​ဗော​ဇ​သည် ဗက်​လင်​မြို့​က​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ရိတ်​သော​သူ​တို့​အား ဆို​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။ ဗော​ဇ​က​လည်း၊ ထို​မိန်း​မ​ငယ်​သည် အ​ဘယ်​သူ​နှင့် ဆိုင်​သ​နည်း​ဟု လယ်​ခေါင်း​အား​မေး​သော်၊ လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။ သူ​က​လည်း၊ ကျွန်​မ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နောက်၌ ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျက်​ဝင်​သ​ဖြင့်၊ နံ​နက်​မှ​စ၍ ယ​ခု​ခ​ဏ တဲ၌​နေ​သော​အ​ချိန်​တိုင်​အောင် လုပ်​နေ​ပါ​ပြီ​ဟု ပြော​ဆို​လျှင်၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။