YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:18-23

ရောမ 8:18-23 JBMLE

ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။- ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။- ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။- ဤ​လော​က​တစ်​နိုင်​ငံ​လုံး​သည် ယ​ခု​တိုင်​အောင် တ​ညီ​တ​ညွတ်​တည်း​ညည်း​တွား၍ ဆင်း​ရဲ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သည်​ဟု ငါ​တို့​သိ​ကြ၏။- ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။