YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 6:1-14

ရောမ 6:1-14 JBMLE

ထို​သို့​မှန်​လျှင်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ကျေး​ဇူး​တော်​ပွား​များ​စေ​ခြင်း​ငှာ အ​ပြစ်​တ​ရား​ကို ကျင့်၍ နေ​ရ​မည်​လော။- ထို​သို့​မ​နေ​ရ။ အ​ပြစ်​တ​ရား​မှ စု​တေသော​သူ​တို့​သည် ထို​တ​ရား၌ အ​ဘယ်​သို့ ရှင်​ရ​ဦး​မည်​နည်း။- ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။- ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။- တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။- ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။- သေ​သော​သူ​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​လျက်​ရှိ၏။- ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​သော​အ​ခါ၊ သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​တော်​မူ၏။- သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။- ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​ရာ​မှာ၊ အ​ပြစ်​တ​ရား​ကြောင့် တစ်​ကြိမ်​သာ​ခံ​တော်​မူ၏။ အ​သက်​ရှင်​တော်​မူ​ရာ​မှာ၊ ဘု​ရား​သ​ခင့်​အ​ဖို့ ရှင်​တော်​မူ၏။- ထို​နည်း​တူ သင်​တို့​သည် အ​ပြစ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌​ကား၊ အ​သေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော အ​ရာ၌​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​သည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် ထင်​မှတ်​ကြ​လော့။ ထို​ကြောင့်၊ သင်​တို့၏​သေ​တတ်​သော ကိုယ်​ခ​န္ဓာ၏ တပ်​မက်​ခြင်း​အ​လို​သို့ လိုက်​ရ​သည်​တိုင်​အောင်၊ အ​ပြစ်​တ​ရား​သည် ထို​ကိုယ်​ခ​န္ဓာ၌ အ​စိုး​မ​ရ​စေ​နှင့်။- သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။- ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။