YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:5-8

ရောမ 5:5-8 JBMLE

ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ သွန်းလောင်း​တော်​မူ၏။- ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။- ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။