သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဖွယ်ရာ ပူဇော်သကာတည်းဟူသော တစ်ပါးအမျိုးတို့ကို ပူဇော်ခြင်းငှာ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသောအမှုကို ဆောင်ရွက်၍၊ တစ်ပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက် သာ၍ရဲရင့်စွာ ရေးလိုက်ပါ၏။- ထိုကြောင့်၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းရှိ၏။- တစ်ပါးအမျိုးသားတို့သည် စကားအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း၊ နားထောင်စေခြင်းငှာ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးကို ပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင် ဟောပြောခဲ့ပြီ။- ထိုသို့ အခြားသူတည်သော တိုက်မြစ်အပေါ်မှာ ငါထပ်၍ မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဖူးသောအရပ်၌ ဧဝံဂေလိတရားကိုဟောခြင်းငှာ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။
ရောမ 15 ကို ဖတ်ရှုရန်
နားထောင်ရန် ရောမ 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 15:15-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ