YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 12:13-18

ရောမ 12:13-18 JBMLE

သန့်​ရှင်း​သူ​တို့​သည် ဆင်း​ရဲ​သော​အ​ခါ ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။ အာ​ဂ​န္တု​တို့​အား ဧည့်​သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြ​လော့။- သင်​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အ​ဖို့ မေ​တ္တာ​ပို့​ကြ​လော့။ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု၊ မေ​တ္တာ​ပို့​ခြင်း​ကို​သာ ပြု​ကြ​လော့။- ဝမ်း​မြောက်​သော​သူ​တို့​နှင့်​အ​တူ၊ ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ငို​ကြွေး​သော​သူ​တို့​နှင့်​အ​တူ ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း ပြု​ကြ​လော့။- အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။- အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။- သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။