YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 22:1-5

ဗျာဒိတ် 22:1-5 JBMLE

တစ်​ဖန်၊ ကျောက်​သ​လင်း​ကဲ့​သို့ ကြည်​လင်၍၊ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ထဲ​က ထွက်​သော၊ အ​သက်​ရေ​စီး​ရာ​မြစ်​ကို ကောင်း​ကင်​တ​မန်​သည် ငါ့​အား​ပြ​လေ၏။- မြို့​လမ်း​မ​အ​လယ်၌​လည်း​ကောင်း၊ ထို​မြစ်​နှစ်​ဖက်၌​လည်း​ကောင်း၊ အ​သက်​ပင်​ရှိ၏။ ထို​အ​သက်​ပင်​သည် အ​သီး​တစ်​ဆယ်​နှစ်​မျိုး​ကို သီး​တတ်၏။ မိ​မိ​အ​သီး​ကို​လည်း လ​တိုင်း​ပေး​တတ်၏။ အ​ရွက်​သည်​လည်း လူ​အ​မျိုး​မျိုး​တို့၏ အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်၏။- နောက်​တစ်​ဖန် ကျိန်​ခြင်း​ဘေး တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထို​မြို့၌ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ရှိ၍ ဘု​ရား​သ​ခင်၏ ကျွန်​တို့​သည် ဘု​ရား​ဝတ်​ကို ပြု​ကြ​လိမ့်​မည်။- မျက်​နှာ​တော်​ကို​မြင်​ရ၍ သူ​တို့​န​ဖူး၌​လည်း နာ​မ​တော် ရေး​ထား​လျက်​ရှိ​လိမ့်​မည်။- ထို​မြို့၌ ည​မ​ရှိ​ရ၊ ဆီ​မီး​ကို အ​လို​မ​ရှိ။ နေ၏​အ​ရောင်​ကို​လည်း အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် သူ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၍ သူ​တို့​သည် က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​ရ ကြ​လ​တ္တံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။