YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 19:11-14

ဗျာဒိတ် 19:11-14 JBMLE

ထို​အ​ခါ ကောင်း​ကင်​ဘုံ ဖွင့်​လှစ်​လျက်​ရှိ​သည်​ကို ငါ​မြင်​လျှင်၊ မြင်း​ဖြူ​ရှိ၏။ မြင်း​စီး​သော သူ​သည် သ​စ္စာ​ဟူ​သော​အ​မည်၊ သ​မ္မာ​ဟူ​သော​အ​မည်​ရှိ သ​တည်း။ ထို​သူ​သည် တ​ရား​သ​ဖြင့် စီ​ရင်​တတ်၏။ တ​ရား​သ​ဖြင့် စစ်​တိုက်​တတ်၏။- မျက်​စိ​တော်​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်၏။ ခေါင်း​တော်​ပေါ်၌ သ​ရ​ဖူ​များ​ကို ဆောင်း၏။ ကိုယ်​တိုင်​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​သိ​သော နာ​မ​တော်​သည် ရေး​ထား​လျက် ရှိ၏။- အ​သွေး၌ နှစ်​ပြီး​သော​အ​ဝတ်​ကို ဝတ်၏။ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ဟူ​သော အ​မည်​ရှိ၏။- ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် မြင်း​ဖြူ​ကို​စီး​လျက်၊ စင်​ကြယ်​သော ပိတ်​ချော​ဖြူ​ကို ဝတ်​လျက်၊ နောက်​တော်​သို့ လိုက်​ကြ၏။