စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကိုရ၏။- ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှာ နောင်တမရကြ။- ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။- မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။ ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှာ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။- ထိုအခါ၊ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။- နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။- ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန် အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။- အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။ သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။- လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။- အချိန် အခွက်တစ်ဆယ်ရှိသော မိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။- ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
ဗျာဒိတ် 16 ကို ဖတ်ရှုရန်
နားထောင်ရန် ဗျာဒိတ် 16
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 16:8-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ