YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 14:12-16

ဗျာဒိတ် 14:12-16 JBMLE

ဘု​ရား​သ​ခင်၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ ယေ​ရှု၏ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ စောင့်​ရှောက်​သော သန့်​ရှင်း​သူ​တို့​သည် ဤ​အ​ရာ၌ သည်း​ခံ​စ​ရာ​အ​ကြောင်း​ရှိ၏။- တစ်​ဖန်​တုံ၊ ကောင်း​ကင်​အ​သံ​ကား၊ ယ​ခု​မှ​စ၍ သ​ခင်​ဘု​ရား၌ သေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။ ဝိ​ညာဉ်​တော်​က​လည်း၊ ထို​သို့​မှန်​ပေ၏။ ထို​သူ​တို့​သည် ပင်​ပန်း​ခြင်း ငြိမ်း​မည်​အ​ကြောင်း​ရှိ၍၊ သူ​တို့၏ အ​ကျင့်​တို့​သည်​လည်း သူ​တို့​နှင့်​အ​တူ လိုက်​ကြ၏​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ငါ​ကြည့်​လျှင်၊ ဖြူ​သော​မိုး​တိမ်​ရှိ၏။ လူ​သား​တော်​နှင့် တူ​သော​သူ​သည် ခေါင်း​တော်​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ထက်​သော တံ​စဉ်​ကို ကိုင်​လျက်၊ မိုး​တိမ်​ပေါ်​မှာ ထိုင်​တော်​မူ၏။- ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​က ထွက်၍၊ ကိုယ်​တော်၏​တံ​စဉ်​ကို​လွှတ်၍ စ​ပါး​ကို ရိတ်​တော်​မူ​ပါ။ ရိတ်​ရ​သော​အ​ချိန် ရောက်​ပါ​ပြီ။ မြေ​ကြီး၌ ရိတ်​စ​ရာ​စ​ပါး မှည့်​ပါ​ပြီ​ဟု မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​ကို ကြီး​သော​အ​သံ​နှင့် ဟစ်​လေ၏။- မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​သည် မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပါး​ကို ရိတ်​တော်​မူ၏။