YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1:9-16

ဗျာဒိတ် 1:9-16 JBMLE

ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊- သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။- မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။ ထို​သို့ ငါ​နှင့်​စ​ကား​ပြော၍ အ​သံ​မြည်​သော သူ​ကို​မြင်​ခြင်း​ငှာ ငါ​သည်​လှည့်​ကြည့်​လျှင်၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​ကို​လည်း​ကောင်း၊- ထို​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ လူ​သား​တော်​နှင့် တူ​သော သူ​တစ်​ဦး​ကို​လည်း​ကောင်း မြင်၏။ ထို​သူ​သည်​ခြေ​သို့ တိုင်​အောင်​ဝတ်​ခြုံ​လျက်၊ ရင်​တော်၌ ရွှေ​ခါး​ပန်း​ကို စည်း​လျက်​ဖြစ်၏။- ခေါင်း​တော်​နှင့် ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေးကဲ့​သို့​လည်း​ကောင်း၊ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ၏။ မျက်​စိ​တော်​သည်​လည်း မီး​လျှံ​ကဲ့​သို့ ဖြစ်၏။- ခြေ​တော်​သည်​လည်း မီး၌​ချွတ်​ပြီး​သော ကြေး​ဝါ​စစ်​နှင့်​တူ၏။ အ​သံ​တော်​သည်​လည်း သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။- လက်​ယာ​လက်​တော်​သည်​လည်း ကြယ်​ခု​နစ်​လုံး​ကို ကိုင်၏။ ခံ​တွင်း​တော်​ထဲ​က​လည်း ထက်​သော​သန်​လျက် ထွက်၏။ မျက်​နှာ​တော်​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွန်း​တောက်​သော​နေ​ကဲ့​သို့ ဖြစ်၏။