YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 86:11-17

ဆာလံ 86:11-17 JBMLE

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​လမ်း​သို့ လိုက်​သွား​ပါ​မည်။ နာ​မ​တော်​ကို ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို စေ့​စပ်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း၍၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မြှောက်​ပါ​မည်။ အ​ကျွန်ုပ်​ခံ​ရ​သော က​ရု​ဏာ​တော်​ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​အောက်​အ​ရပ်​ထဲ​က ကယ်​နုတ်​တော်​မူ​ပြီ။ အို ဘု​ရား​သ​ခင်၊ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌​ထ​ကြ၍၊ ကြမ်း​တမ်း​သော လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​မျက်​မှောက်​မ​ပြု​ဘဲ၊ အ​ကျွန်ုပ်​အ​သက်​ကို ရှာ​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော၊ က​ရု​ဏာ​နှင့် သ​စ္စာ ကြွယ်​ဝ​သော​သ​ဘော​နှင့် ပြည့်​စုံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​အား တန်​ခိုး​တော်​ကို​ပေး၍၊ ကိုယ်​တော်၏ ကျွန်​မ​သား​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အား ကောင်း​သော​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် မြင်၍ ရှက်​ကြောက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မ​စ၍ ချမ်း​သာ​ပေး​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။