YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 77:1-10

ဆာလံ 77:1-10 JBMLE

ငါ​သည် ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​လိမ့်​မည်။ ဘေး​ရောက်​သည်​ကာ​လ၌ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ရ၏။ ည​အ​ချိန်၌​ပင် လက်​ကို​ဆန့်​လျက်​နေ​ရ၏။ ငါ့​ဝိ​ညာဉ်​သည် သက်​သာ​ခြင်း​ကို ငြင်း​ပယ်၏။ ဘု​ရား​သ​ခင်​ကို အောက်​မေ့၍ စိတ်​ပူ​ပန်​ခြင်း​ရှိ၏။ ဆင်​ခြင်၍ စိတ်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။ မျက်​စိ​မှိတ်၍ မ​ပျော်​နိုင်။ လှုပ်​ရှား​ခြင်း​ရှိ​သော​ကြောင့် နှုတ်​မ​မြွက်​နိုင်။ လွန်​လေ​ပြီး​သော နေ့​ရက်​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​ကို​လည်း​ကောင်း အောက်​မေ့၏။ ည​အ​ခါ၌​လည်း ငါ​သည် ကိုယ်​သီ​ချင်း​ကို​ဆင်​ခြင်၍၊ ကိုယ်​စိတ်​နှ​လုံး​နှင့် ဆွေး​နွေး​သ​ဖြင့်၊ ငါ့​ဝိ​ညာဉ်​သည် စစ်​ဆေး​ခြင်း​ကို ပြု၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မူ​မည်​လော။ နောက်​တစ်​ဖန် ကျေး​ဇူး​အ​လျှင်း​မ​ပြု​ဘဲ နေ​တော်​မူ​မည်​လော။ က​ရု​ဏာ​တော်​သည် အ​စဉ်​ကုန်​ပြီ​လော။ က​တိ​တော်​လည်း ကာ​လ​အ​စဉ်​အ​ဆက် ပျက်​လိမ့်​မည်​လော။ ဘု​ရား​သ​ခင်​သည် သ​နား​ခြင်း​ငှာ မေ့​လျော့​တော်​မူ​သ​လော။ အ​မျက်​ထွက်​သ​ဖြင့် စုံ​စမ်း​ခြင်း​က​ရု​ဏာ​တော်​ကို ချုပ်​တည်း​တော်​မူ​သ​လော။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​မိုက်​ကြောင်း​ကို ဝန်​ခံ​ရ၏။ ဤ​အ​မှု​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ လက်​ယာ​လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ခြင်း​ပေ​တည်း။