YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 77

77
သော​က​ရောက်​ချိန်​စိတ်​သက်​သာ​မှု
1ငါ​သည် ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​လိမ့်​မည်။ 2ဘေး​ရောက်​သည်​ကာ​လ၌ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ရ၏။ ည​အ​ချိန်၌​ပင် လက်​ကို​ဆန့်​လျက်​နေ​ရ၏။ ငါ့​ဝိ​ညာဉ်​သည် သက်​သာ​ခြင်း​ကို ငြင်း​ပယ်၏။ 3ဘု​ရား​သ​ခင်​ကို အောက်​မေ့၍ စိတ်​ပူ​ပန်​ခြင်း​ရှိ၏။ ဆင်​ခြင်၍ စိတ်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။ 4မျက်​စိ​မှိတ်၍ မ​ပျော်​နိုင်။ လှုပ်​ရှား​ခြင်း​ရှိ​သော​ကြောင့် နှုတ်​မ​မြွက်​နိုင်။ 5လွန်​လေ​ပြီး​သော နေ့​ရက်​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​ကို​လည်း​ကောင်း အောက်​မေ့၏။ 6ည​အ​ခါ၌​လည်း ငါ​သည် ကိုယ်​သီ​ချင်း​ကို​ဆင်​ခြင်၍၊ ကိုယ်​စိတ်​နှ​လုံး​နှင့် ဆွေး​နွေး​သ​ဖြင့်၊ ငါ့​ဝိ​ညာဉ်​သည် စစ်​ဆေး​ခြင်း​ကို ပြု၏။ 7ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မူ​မည်​လော။ နောက်​တစ်​ဖန် ကျေး​ဇူး​အ​လျှင်း​မ​ပြု​ဘဲ နေ​တော်​မူ​မည်​လော။ 8က​ရု​ဏာ​တော်​သည် အ​စဉ်​ကုန်​ပြီ​လော။ က​တိ​တော်​လည်း ကာ​လ​အ​စဉ်​အ​ဆက် ပျက်​လိမ့်​မည်​လော။ 9ဘု​ရား​သ​ခင်​သည် သ​နား​ခြင်း​ငှာ မေ့​လျော့​တော်​မူ​သ​လော။ အ​မျက်​ထွက်​သ​ဖြင့် စုံ​စမ်း​ခြင်း​က​ရု​ဏာ​တော်​ကို ချုပ်​တည်း​တော်​မူ​သ​လော။
10ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​မိုက်​ကြောင်း​ကို ဝန်​ခံ​ရ၏။ ဤ​အ​မှု​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ လက်​ယာ​လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ခြင်း​ပေ​တည်း။ 11ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​ကို အောက်​မေ့​ပါ​မည်။ ရှေး​ကာ​လ၌ ကိုယ်​တော်​ပြု​ဖူး​သော အံ့​ဩ​ဖွယ်​တို့​ကို အောက်​မေ့​ပါ​မည်။ 12ပြု​တော်​မူ​သ​မျှ​တို့​ကို​ဆင်​ခြင်၍ စီ​ရင်​တော်​မူ​သော အ​ရာ​တို့​ကို မြွက်​ဆို​ပါ​မည်။ 13အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​လမ်း​သည် သန့်​ရှင်း​ခြင်း​နှင့် ယှဉ်​ပါ၏။ ဘု​ရား​သ​ခင်​ကဲ့​သို့ အ​ဘယ်​မည်​သော ဘု​ရား​သည် ကြီး​မြတ်​သ​နည်း။ 14ကိုယ်​တော်​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ လူ​မျိုး​တို့​တွင် တန်​ခိုး​တော်​ကို ပြ​တော်​မူ​ပြီ။ 15ကိုယ်​တော်၏​လူ​တည်း​ဟူ​သော ယာ​ကုပ်​နှင့် ယော​သပ်၏​အ​မျိုး​ကို လက်​ရုံး​တော်​နှင့် ကယ်​နုတ်​တော်​မူ​ပြီ။ 16အို ဘု​ရား​သ​ခင်၊ ရေ​တို့​သည် ကိုယ်​တော်​ကို​မြင်​ကြ​ပါ၏။ ရေ​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ ရေ​နက်​နဲ​ရာ​အ​ရပ်​တို့​လည်း လှုပ်​ရှား​ကြ​ပါ၏။ 17မိုး​တိမ်​တို့​သည် ရေ​ကို​သွန်း​လောင်း၍၊ မိုး​ကောင်း​ကင်​တို့​လည်း အ​သံ​ဗ​လံ​ပြု​ကြ​ပါ၏။ ကိုယ်​တော်၏​မြား​တို့​သည် အ​ရပ်​ရပ်​သို့ ရောက်​ကြ​ပါ၏။ 18ကိုယ်​တော်၏ မိုး​ကြိုး​သံ​သည် လေ​ပွေ၌​ပါ၍၊ လျှပ်​စစ်​ပြက်​သ​ဖြင့်၊ လော​က​ကို လင်း​စေ​ပါ၏။ မြေ​ကြီး​သည်​လည်း တုန်​လှုပ်​ပါ၏။ 19ကိုယ်​တော်​သည် သ​မု​ဒ္ဒ​ရာ၌ ကြွ​တော်​မူ၍၊ လမ်း​ခ​ရီး​တော်​သည် ကျယ်​ဝန်း​သော ရေ​တွင်​ရှိ​သ​ဖြင့်၊ ခြေ​တော်​ရာ​တို့​သည် မ​ထင်​ရှား​ကြ​ပါ။ 20မော​ရှေ​နှင့် အာ​ရုန်​တို့​လက်​ဖြင့် ကိုယ်​တော်၏​လူ​များ​တို့​ကို သိုး​စု​ကဲ့​သို့ ပို့​ဆောင်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 77: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။