YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 73:16-28

ဆာလံ 73:16-28 JBMLE

ထို​အ​မှု​ကို​နား​လည်​ရ​အောင် ဆင်​ခြင်​သော​အ​ခါ အ​လွန်​ခက်​သည်​ဟု ထင်​ပါ၏။ နောက်​မှ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်၍၊ သူ​တို့၏​အ​ဆုံး​ကို နား​လည်​ရ​ပါ၏။ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် သူ​တို့​ကို ချော​သော​အ​ရပ်၌ ထား​တော်​မူ​ပြီ။ ဖျက်​ဆီး​ရာ​အ​ရပ်​သို့ ချ​တော်​မူ၏။ တစ်​ခ​ဏ​ချင်း​တွင် အ​ကျိုး​နည်း​ကြ​ပါ​ပြီ​တ​ကား။ ဘေး​ဥ​ပဒ်​များ​အား​ဖြင့် ရှင်း​ရှင်း​ပယ်​ပျောက်​လျက် ရှိ​ကြ​ပါ​ပြီ​တ​ကား။ အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် နိုး​သော​အ​ခါ အိပ်​မက်​ကို​မှတ်​သ​ကဲ့​သို့ သူ​တို့​ကို နှိုး​တော်​မူ​သော​အ​ခါ၊ သူ​တို့​အ​ကြံ​အ​စည်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​မည်။ ထို​သို့ အ​ကျွန်ုပ်​သည်​နှ​လုံး​နာ​လျက်၊ ကျောက်​ကပ်​မွှေ​နှောက်​လျက်​ရှိ၍၊ မိုက်​သော​သူ၊ ပ​ညာ​မဲ့​သော​သူ ဖြစ်​ပါ၏။ ရှေ့​တော်၌ တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်​ပါ၏။ သို့​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှာ​အ​စဉ်​ရှိ၍၊ အ​ကျွန်ုပ်၏​လက်​ယာ​လက်​ကို ဆွဲ​ကိုင်​တော်​မူ၏။ အ​ကျွန်ုပ်​ကို ဉာဏ်​ပေး၍ ပဲ့​ပြင်​တော်​မူ​မည်။ နောက်​တစ်​ဖန် ဘုန်း​အ​သ​ရေ၌ သိမ်း​ယူ​တော်​မူ​မည်။ ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။ အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ အ​ကယ်​စင်​စစ် ကိုယ်​တော်​နှင့် ဝေး​ဝေး​နေ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​ကွာ၍ မှား​ယွင်း​သော​သူ​အ​ပေါင်း​တို့​ကို ပယ်​ရှင်း​တော်​မူ၏။ အ​ကျွန်ုပ်​မူ​ကား၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​ကျိုး​ရှိ​ပါ၏။ အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ကြား​ပြော​ခြင်း​အ​လို​ငှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​လျက်​နေ​ပါ၏။