အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်းသောသူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီးတော်မူ၏။ ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။ အကြောင်းမူကား၊ မတရားသောသူတို့၏ စည်းစိမ်ကိုမြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။ ထိုသူတို့သည် မသေမီတိုင်အောင် နာကြင်ခြင်းဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိ ရှိကြ၏။ သူတို့သည် လောကဓံဒုက္ခ မရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကိုမခံရကြ။ ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်းအဝတ်ကိုလည်း ဝတ်တတ်ကြ၏။ ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။ ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ရယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတတ်ကြ၏။ သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။ ထိုကြောင့် ဘုရားသခင်၏လူတို့သည် သူတို့ထံသို့ ပြန်သွား၍ များစွာသောရေကို မျိုရကြ၏။ ဘုရားသခင်သည် အဘယ်သို့သိတော်မူမည်နည်း။ အမြင့်ဆုံးသောဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လောဟု ဆိုတတ်ကြ၏။ ထိုမတရားသောသူတို့သည် အစဉ်ကောင်းစား၍ ဥစ္စာပွားများကြ၏။ အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။ နေ့တိုင်း နှောင့်ယှက်ခြင်းနှင့် နံနက်တိုင်းဆုံးမခြင်းကိုငါခံရ၏။ ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါလိမ့်မည်။ ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။ နောက်မှ ဘုရားသခင်၏ သန့်ရှင်းရာဌာနထဲသို့ဝင်၍၊ သူတို့၏အဆုံးကို နားလည်ရပါ၏။
ဆာလံ 73 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 73
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 73:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ