ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်းကရုဏာစိတ်တော်ရှိသဖြင့်၊ ကောင်းချီးပေး၍ မျက်နှာတော်၏အလင်းကို လွှတ်တော်မူပါစေသော။ ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကယ်တင်တော်မူခြင်းကျေးဇူးကို ခံရကြပါစေသော။ အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အကြောင်းမူကား၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်၍၊ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။ အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူ၏။ ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူဦးမည်။ မြေကြီးစွန်းအပေါင်းတို့သည်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
ဆာလံ 67 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 67
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 67:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ