YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 5:1-6

ဆာလံ 5:1-6 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​ကို​နား​ထောင်​တော်​မူ၍၊ အ​ကျွန်ုပ်​မြည်​တမ်း​ခြင်း​ကို ဆင်​ခြင်​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဆု​တောင်း​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။ ကိုယ်​တော်​သည် မ​တ​ရား​သော​အ​မှု​ကို နှစ်​သက်​သော​ဘု​ရား မ​ဟုတ်။ ဆိုး​သော​သူ​ကို လက်​ခံ​တော်​မ​မူ။ မိုက်​သော​သူ​သည် အ​ထံ​တော်​သို့ မ​ဝင်​ရ။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ၏။ မု​သား​စ​ကား​ပြော​သော​သူ​တို့​ကို ဖျက်​ဆီး​တော်​မူ၏။ လူ​အ​သက်​ကို​သတ်​တတ်​သော​သူ​နှင့် လှည့်​စား​တတ်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။