YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 40:1-13

ဆာလံ 40:1-13 JBMLE

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စေ့​စေ့​မျှော်​လင့်​သည်​ကာ​လ၊ ငါ့​ကို မျက်​နှာ​ပြု၍ ငါ​အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။ ပျက်​စီး​ရာ​တွင်း​နှင့် အ​လွန်​ဆိုး​သော​ရွှံ့​ထဲ​က ငါ့​ကို​ဆယ်​နုတ်​ပြီး​လျှင် ငါ့​ခြေ​တို့​ကို ကျောက်​ပေါ်​မှာ​တင်၍ ငါ​ခြေ​ရာ​တို့​ကို တည်​စေ​တော်​မူ၏။ ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ရာ​သီ​ချင်း​သစ်​ကို ငါ​မြွက်​ဆို​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ လူ​များ​တို့​သည် သိ​မြင်၍ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လိမ့်​မည်။ မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​နှင့် ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​သည် များ​လှ​ပါ၏။ ရှေ့​တော်၌ အ​စဉ်​အ​တိုင်း လျှောက်၍​မ​ကုန်​နိုင်​ပါ။ အ​ကျွန်ုပ် ထုတ်​ဖော်​ကြား​ပြော​မည်​ဟု ဆို​သော်၊ ရေ​တွက်၍ မ​ကုန်​နိုင်​အောင်​များ​လှ​ပါ၏။ ကိုယ်​တော်​သည် ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နား​ကို ဖွင့်​တော်​မူ​ပြီ။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​ကို တောင်း​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို​အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​သည်​သွား​ပါ​မည်​ဟု ဝန်​ခံ​ပါ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​အ​လို​ကို ဆောင်​ရာ၌ အ​ကျွန်ုပ်​သည် အား​ရ​ဝမ်း​မြောက်​ပါ၏။ ကိုယ်​တော်၏ တ​ရား​သည်​လည်း အ​ကျွန်ုပ်​နှ​လုံး​ထဲ​မှာ​ရှိ​ပါ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ပ​ရိသတ်​ကြီး​အ​လယ်​မှာ အ​ကျွန်ုပ်​ဟော​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို​ပိတ်၍ မ​နေ​ကြောင်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ခြင်း​တ​ရား​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှ​လုံး​ထဲ​မှာ ဝှက်၍​မ​ထား​ပါ​နှင့်။ သ​စ္စာ​စောင့်​တော်​မူ​ခြင်း​တ​ရား​နှင့် ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ဟော​ပြော​ပါ​ပြီ။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ပ​ရိ​သတ်​ကြီး​အ​လယ်​မှာ မ​ထိမ်​မ​ဝှက်​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ သ​နား​စုံ​မက်​တော်​မူ​ခြင်း​စိတ်​ကို မ​ချုပ်​တည်း​ပါ​နှင့်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​စောင့်​မ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​တိုင်း​မ​သိ များ​စွာ​သော​ဘေး​ဥ​ပဒ်​တို့​သည် အ​ကျွန်ုပ်​ကို ဝိုင်း​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မျှော်၍ မ​ကြည့်​နိုင်​အောင် ခံ​ရ​သော​အ​ပြစ်​တို့​သည် အ​ကျွန်ုပ်​ကို​မီ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆံ​ပင်​ထက် များ​ပြား​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နှ​လုံး​သည် အား​လျော့​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။