YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 36:5-10

ဆာလံ 36:5-10 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော်​သည် အ​လွန်​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ၏။ ထို​ကြောင့် လူ​သား​တို့​သည် အ​တောင်​တော်​အ​ရိပ်​ကို ခို​လှုံ​လျက်​နေ​ရ​ကြ​ပါ၏။ အိမ်​တော်၏​ကြွယ်​ဝ​ခြင်း​နှင့် ရောင့်​ရဲ​လျက်​နေ၍၊ ကိုယ်​တော်၏​ချမ်း​သာ​မြစ်​ရေ​ကို သောက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​ထံ​မှာ အ​သက်​စမ်း​ရေ​တွင်း​ရှိ​ပါ၏။ အ​လင်း​တော်​ထဲ​မှာ အ​ကျွန်ုပ်​တို့​သည် အ​လင်း​ကို​ရ​ကြ​ပါ၏။ ကိုယ်​တော်​ကို သိ​သော​သူ​တို့​အား၊ က​ရု​ဏာ​တော်​ကို​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သော​သူ​တို့​အား ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​ကို​လည်း​ကောင်း တည်​မြဲ​တည်​စေ​တော်​မူ​ပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။