YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 34:12-16

ဆာလံ 34:12-16 JBMLE

ကောင်း​မွန်​သော​အ​ရာ​ကို တွေ့​မြင်​မည်​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​နှင့်​တ​ကွ နေ့​ရက်​ကာ​လ​ကို တောင့်​တ​လို​ချင်​သော​သူ မည်​သည်​ကား၊ ကိုယ်​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​စေ​လော့။ နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။ ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​လော့။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တို့​ကား၊ မြေ​ကြီး​ပေါ်​မှာ အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​ထား​တော်​မူ၏။