YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 33:16-22

ဆာလံ 33:16-22 JBMLE

ရှင်​ဘု​ရင်​မည်​သည်​ကား၊ များ​စွာ​သော အ​လုံး​အ​ရင်း​အား​ဖြင့် ချမ်း​သာ​မ​ရ။ သူ​ရဲ​သည်​လည်း ခွန်​အား​ကြီး​သော​အား​ဖြင့် ကယ်​လွှတ်​ခြင်း​သို့​မ​ရောက်။ မြင်း​သော်​လည်း ဘေး​လွတ်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။ ကြီး​စွာ​သော ခွန်​အား​ဗ​လ​ဖြင့် မ​ကယ်​မ​ယူ​နိုင်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​နှင့် က​ရု​ဏာ​တော်​ကို ခို​လှုံ​သော​သူ​တို့​သည်၊ သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ ငါ​တို့၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ၏။ ထို​ဘု​ရား​သည် ငါ​တို့​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ခို​လှုံ​သော​ကြောင့်၊ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။