ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်းအကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏။ စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့။ ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏။ ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင်ခြင်းကိုနှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင် တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲသောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏။ ထာဝရဘုရားကို မြေကြီးတစ်ပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
ဆာလံ 33 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 33
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 33:1-9
7 နေ့ရက်များ
ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ