YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 33

33
ထော​မ​နာ​သီ​ချင်း
1ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ထော​မ​နာ​ပြု​ခြင်း​အ​ကျင့်​သည် သ​ဘော​ဖြောင့်​သော​သူ​တို့​နှင့် ထိုက်​တန်​လျောက်​ပတ်​ပေ၏။ 2စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ 3ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ သာ​ယာ​စွာ တီး​ကြ​လော့။ 4အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဖြောင့်​မတ်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​တို့​သည်​လည်း သ​စ္စာ​တ​ရား​နှင့် ညီ​ကြ၏။ 5ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း​နှင့် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​နှစ်​သက်​တော်​မူ၏။ ပ​ထ​ဝီ​မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​နှင့် ပြည့်​ဝ​လျက်​ရှိ၏။
6ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​အ​သက်​အား​ဖြင့် မိုး​ကောင်း​ကင် တန်​ဆာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။ 7သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။ 8ထာ​ဝ​ရ​ဘု​ရား​ကို မြေ​ကြီး​တစ်​ပြင်​လုံး ကြောက်​ရွံ့​စေ။ လော​ကီ​နိုင်​ငံ​သား​အ​ပေါင်း​တို့​သည် ရို​သေ​လေး​မြတ်​ကြ​စေ။ 9အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို၍၊ မြွက်​ဆို​တော်​မူ​သည်​အ​တိုင်း​ဖြစ်၏။ အ​မိန့်​တော်​ရှိ၍၊ မိန့်​တော်​မူ​သည်​အ​တိုင်း တည်​လျက်​နေ၏။
10ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပါး​အ​မျိုး​သား​တို့၏​တိုင်​ပင်​ခြင်း​ကို​ပယ်​တော်​မူ၏။ လူ​စု​တို့၏​ကြံ​စည်​ခြင်း​ကို​လည်း ဖျက်​ဆီး​တော်​မူ၏။ 11ထာ​ဝ​ရ​ဘု​ရား၏​ပြ​ဌာန်း​တော်​မူ​ခြင်း​သည် ကာ​လ​အ​န​န္တ​နှင့်​ဆိုင်၍၊ စိတ်​နှ​လုံး​တော်၏​အ​ကြံ​အ​စည်​တို့​သည် သား​စဉ်​မြေး​ဆက် အ​ဆုံး​တိုင်​အောင်​တည်​ကြ​လိမ့်​မည်။ 12ထာ​ဝ​ရ​ဘု​ရား​သည် အ​ကြင်​အ​မျိုး၏​ဘု​ရား​ဖြစ်၍၊ အ​ကြင်​လူ​စု​ကို မိ​မိ​အ​မွေ​ဥ​စ္စာ​ဖို့ ရွေး​ကောက်​တော်​မူ၏၊ ထို​အ​မျိုး​နှင့် ထို​လူ​စု​သည်​မင်္ဂ​လာ​ရှိ၏။
13ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ဘုံ​က​ကြည့်​ရှု၍၊ လူ​သား​အ​ပေါင်း​တို့​ကို မြင်​တော်​မူ၏။ 14ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​က​ကြည့်​ရှု၍၊ မြေ​ကြီး​ပေါ်​မှာ​နေ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို မှတ်​တော်​မူ၏။ 15သူ​တို့၏​စိတ်​နှ​လုံး​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း၍၊ သူ​တို့​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို​လည်း ဆင်​ခြင်​တော်​မူ၏။ 16ရှင်​ဘု​ရင်​မည်​သည်​ကား၊ များ​စွာ​သော အ​လုံး​အ​ရင်း​အား​ဖြင့် ချမ်း​သာ​မ​ရ။ သူ​ရဲ​သည်​လည်း ခွန်​အား​ကြီး​သော​အား​ဖြင့် ကယ်​လွှတ်​ခြင်း​သို့​မ​ရောက်။ 17မြင်း​သော်​လည်း ဘေး​လွတ်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။ ကြီး​စွာ​သော ခွန်​အား​ဗ​လ​ဖြင့် မ​ကယ်​မ​ယူ​နိုင်။ 18ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​နှင့် က​ရု​ဏာ​တော်​ကို ခို​လှုံ​သော​သူ​တို့​သည်၊ 19သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ 20ငါ​တို့၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ၏။ ထို​ဘု​ရား​သည် ငါ​တို့​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။ 21သန့်​ရှင်း​သော​နာ​မ​တော်​ကို ခို​လှုံ​သော​ကြောင့်၊ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။ 22အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။