YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 32:5-8

ဆာလံ 32:5-8 JBMLE

တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။ ထို​ကြောင့် ကိုယ်​တော်​ကို တွေ့​သင့်​သော​အ​ချိန်​ကာ​လ၌၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ တောင်း​လျှောက်​ကြ​ပါ​လိမ့်​မည်။ အ​ကယ်​စင်​စစ် လွှမ်း​မိုး​တတ်​သော​ရေ​ကြီး​သည် သူ​တို့​ထံ​သို့ မ​ချဉ်း​ရ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို ဘေး​လွတ်​စေ​ခြင်း​ငှာ ကွယ်​ကာ​စောင့်​မ​တော်​မူ၏။ ကယ်​လွှတ်​ကြောင်း​ကို ဆို​သော​သီ​ချင်း​နှင့် အ​ကျွန်ုပ်​ကို ခြံ​ရံ​စေ​တော်​မူ၏။ သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ သင့်​ကို ကြည့်​ရှု​ပြု​စု​မည်။ ဉာဏ်​ပ​ညာ​မဲ့​သော မြင်း​လား​ကဲ့​သို့ မ​ဖြစ်​နှင့်။