YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 3

3
နံ​နက်​ချိန်​ဆု​တောင်း
ဒါ​ဝိဒ်​သည် သား​တော်​အ​ဗ​ရှ​လုံ​ရှေ့​မှ ပြေး​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။
1အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည်၊ အ​လွန်​တိုး​ပွား၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​သည် များ​ကြ​ပါ၏။ 2သူ​သည် ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ ချမ်း​သာ​မ​ရ​ဟု အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍ ပြော​သော​သူ​အ​များ ရှိ​ကြ​ပါ၏။ 3သို့​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘုန်း​လည်း ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ချီ​ကြွ​သော​သူ​လည်း ဖြစ်​တော်​မူ၏။ 4ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်​သော​အ​ခါ၊ သန့်​ရှင်း​သော တောင်​တော်​ပေါ်​မှာ နား​ထောင်​တော်​မူ၏။ 5ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ​သော​ကြောင့်၊ ငါ​သည် အိပ်၍​ပျော်​ခြင်း​အ​ခွင့်​နှင့် နိုး​ခြင်း​အ​ခွင့်​ရှိ၏။ 6ငါ့​ကို​ရန်​ဘက်​ပြု၍ ဝန်း​ရံ​သော​သူ အ​ထောင်​အ​သောင်း​ကို ငါ​မ​ကြောက်​ဘဲ​နေ​မည်။ 7အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ရန်​သူ​တို့၏​ပါး​ရိုး​ကို ရိုက်၍၊ မ​တ​ရား​သော​သူ​တို့၏​သွား​ကို ချိုး​တော်​မူ၏။ 8ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။ ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ကိုယ်​တော်၏ လူ​စု​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။