YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 24

24
ဗိ​မာန်​တော်​သို့၀င်​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို​လည်း​ကောင်း၊ လော​က​ဓာတ်​နှင့် လော​က​သား​တို့​ကို​လည်း​ကောင်း၊ ပိုင်​တော်​မူ၏။#၁​ကော၊ ၁၀:၂၆။ 2အ​ကြောင်း​မူ​ကား၊ ထို​နေ​ရာ​ကို သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ​တည်၍၊ ရေ​များ​ပေါ်​မှာ မြဲ​မြံ​စေ​တော်​မူ​ပြီ။
3ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ပေါ်​သို့ အ​ဘယ်​သူ​သည် တက်​ရ​မည်​နည်း။ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​သူ​သည် ရပ်​နေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ 4သန့်​ရှင်း​သော​လက်​နှင့် ဖြူ​စင်​သော​နှ​လုံး​ရှိ​သော​သူ၊ မု​သား​ကို​မ​မှီ​ဝဲ မ​ဆည်း​ကပ်၊ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​ပြု​သော​သူ​သည်၊#မ၊ ၅:၈။ 5ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း၊ ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​လက်​တော်​မှ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။ 6ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​အ​မျိုး၊ မျက်​နှာ​တော်​ကို​ရှာ​သော ယာ​ကုပ်​အ​မျိုး​ဖြစ်​သ​တည်း။
7အ​ချင်း​တံ​ခါး​တို့၊ တံ​ခါး​မုတ်​ကို ကြွ​လိုက်​ကြ။ အ​ချင်း​ထာ​ဝ​ရ​တံ​ခါး​တို့၊ ကိုယ်​ကို ကြွ​လိုက်​ကြ။ ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဝင်​တော်​မူ​မည်။ 8ဘုန်း​ကြီး​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ အ​စွမ်း​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ စစ်​တိုက်​ခြင်း​ငှာ တန်​ခိုး​ကြီး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ 9အ​ချင်း​တံ​ခါး​တို့၊ တံ​ခါး​မုတ်​ကို ကြွ​လိုက်​ကြ။ အ​ချင်း​ထာ​ဝ​ရ​တံ​ခါး​တို့၊ ကိုယ်​ကို​ကြွ​လိုက်​ကြ။ ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဝင်​တော်​မူ​မည်။ 10ဘုန်း​ကြီး​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ထို​ဘု​ရား​သည် ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဖြစ်​တော်​မူ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။