YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 19

19
ဘု​ရား​သ​ခင်၏​လက်​ရာ​တော်
1မိုး​ကောင်း​ကင်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​အ​သ​ရေ​တော်​ကို ကြား​ပြော၍၊ မိုး​မျက်​နှာ​ကြက်​သည် လက်​တော်​နှင့်​လုပ်​သော​အ​ရာ​များ​ကို ပြ​သ၏။ 2တစ်​နေ့​ကို​တစ်​နေ့ မြွက်​ဆို၍၊ တစ်​ည​ကို​တစ်​ည သွန်​သင်၏။ 3နှုတ်​မြွက်​ခြင်း၊ စ​ကား​ပြော​ခြင်း​မ​ရှိ၊ သူ​တို့ နှုတ်​ထွက်​သံ​ကို​မ​ကြား​ရ​သော်​လည်း၊ 4သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌​နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ၏။#ရော၊ ၁၀:၁၈။ 5မိုး​ကောင်း​ကင်​တွင် နေ​ဗိ​မာန်​ကို​ထား​တော်​မူ​သ​ဖြင့်၊ နေ​သည်​အိပ်​ခန်း​ထဲ​က​ထွက်​လာ​သော မင်္ဂ​လာ​ဆောင်​လု​လင်​ကဲ့​သို့ ဖြစ်၍၊ ခွန်​အား​ကြီး​သော​သူ​ကဲ့​သို့ မိ​မိ​သွား​ရာ​လမ်း​သို့​လိုက်​ပြေး​မည်​ဟု ဝမ်း​မြောက်​လျက်၊ 6မိုး​ကောင်း​ကင် တစ်​စွန်း​မှ​ထွက်​လာ၍၊ တစ်​စွန်း​တိုင်​အောင် လှည့်​ပတ်​သော​အား​ဖြင့်၊ သူ၏​အ​ပူ​အ​ရှိန်​မှ ကွယ်​လွတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။
ဘု​ရား​သ​ခင်​၏​တ​ရား​တော်
7ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် စုံ​လင်​သည်​ဖြစ်၍ စိတ်​ဝိ​ညာဉ်​ကို ပြု​ပြင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ သက်​သေ​ခံ​တော်​မူ​ချက်​သည် ဟုတ်​မှန်​သည်​ဖြစ်၍ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်၏။ 8ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။ 9ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် သန့်​ရှင်း​သည်​ဖြစ်၍၊ ကာ​လ​အ​စဉ်​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား၏ စီ​ရင်​တော်​မူ​ချက်​တို့​သည် သ​စ္စာ​တ​ရား​နှင့်​ညီ၍၊ တ​ညီ​တ​ညွတ်​တည်း ဖြောင့်​မတ်​ကြ၏။ 10ရွှေ​ထက်​မ​က၊ များ​စွာ​သော​ရွှေ​စင်​ထက် နှစ်​သက်​ဖွယ်​ဖြစ်၍၊ ပျား​ရည်​ထက်​မ​က၊ ပျား​လ​ပို့​ထက်​ချို​ကြ၏။ 11တ​ရား​တော်​အား​ဖြင့် ကိုယ်​တော်၏​ကျွန်​သည် သ​တိ​ရ၍၊ တ​ရား​စောင့်​ခြင်း​အ​ကျိုး​သည် ကြီး​လှ​ပါ၏။
12မိ​မိ​မှား​ယွင်း​ခြင်း​ကို အ​ဘယ်​သူ​သည် နား​လည်​နိုင်​သ​နည်း။ မ​ထင်​ရှား​သော​ဒု​စ​ရိုက်​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​စင်​စေ၍၊ 13ရဲ​ရင့်​သော​ဒု​စ​ရိုက်​ကို​လည်း ကိုယ်​တော်၏​ကျွန်​သည် မ​ပြု​ရ​မည်​အ​ကြောင်း ဆီး​တား​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ပြစ်​သည် အ​ကျွန်ုပ်​ကို အ​စိုး​မ​ရ​ပါ​စေ​နှင့်။ ထို​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​သည်​ဖြောင့်​မတ်​ခြင်း​ရှိ၍၊ ကြီး​စွာ​သော​ပြစ်​မှား​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။ 14အ​ကျွန်ုပ်​ပြော​သော​စ​ကား​နှင့် စိတ်​နှ​လုံး၏​အ​ကြံ​အ​စည်​သည် ရှေ့​တော်၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်​ကို​ရွေး​နုတ်​တော်​မူ​သော​ဘု​ရား။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။