သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင်မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။ ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရားသခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူခြင်း ရှိသည်အတိုင်း ချီးမွမ်းကြလော့။ တံပိုးမှုတ်လျက် ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင်းကိုတီးလျက် ချီးမွမ်းကြလော့။ ပတ်သာတီးလျက်၊ ကခုန်လျက်နှင့် ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တူရိယာကိုတီးလျက်၊ နှဲခရာကိုမှုတ်လျက် ချီးမွမ်းကြလော့။ အသံကျယ်သော သံလွင်ကိုတီးလျက် ချီးမွမ်းကြလော့။ အကြီးဆုံးသောလင်းကွင်းကိုလည်းတီးလျက် ချီးမွမ်းကြလော့။ အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။ ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ်အစရှိသောပရောဖက်များတို့သည် စီရင်ရေးထားသောဆာလံကျမ်းပြီး၏။
ဆာလံ 150 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 150
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 150:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ