YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 147:1-6

ဆာလံ 147:1-6 JBMLE

ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကောင်း​သည်​ဖြစ်၍၊ ချီး​မွမ်း​ကြ​လော့။ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ခြင်း​သည် သာ​ယာ​လျောက်​ပတ်​သည်​ဖြစ်၍၊ ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တည်​ဆောက်၍၊ အ​ဝေး​သို့​နှင်​လိုက်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​တော်​မူ၏။ စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။ ကြယ်​များ​ကို​ရေ​တွက်၍ အ​သီး​အ​သီး​တို့​ကို သ​မုတ်​တော်​မူ၏။ ငါ​တို့၏​ဘု​ရား​ရှင်​သည် ကြီး​မြတ်​တော်​မူ၏။ တန်​ခိုး​တော်​လည်း​ကြီး၏။ ဉာဏ်​တော်​သည် အ​န​န္တ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်၍၊ မ​တ​ရား​သော သူ​တို့​ကို​ကား၊ မြေ​ပေါ်​မှာ​လှဲ​တော်​မူ၏။