YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 145

145
ထော​မ​နာ​သီ​ချင်း
1အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို ချီး​မြှောက်​ပါ​မည်။ က​မ္ဘာ​အ​ဆက်​ဆက် နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ 2ကိုယ်​တော်​ကို နေ့​တိုင်း​အ​စဉ် ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို က​မ္ဘာ​အ​ဆက်​ဆက် ချီး​မွမ်း​ပါ​မည်။ 3ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ် ဖြစ်​တော်​မူ၏။ ကြီး​မြတ်​တော်​မူ​ခြင်း​ကို စစ်၍​မ​ကုန်​နိုင်။ 4အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။ 5အ​ကျွန်ုပ်​သည်​လည်း ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း မြွက်​ဆို​ပါ​မည်။ 6သူ​တို့​သည် ကြောက်​မက်​ဖွယ်​သော အ​မှု​တော်​တို့၌​ပါ​သော တန်​ခိုး​ကို​မြွက်​ဆို၍၊ အ​ကျွန်ုပ်​သည်​လည်း၊ ကြီး​မြတ်​တော်​မူ​ခြင်း အ​ကြောင်း​ကို ကြား​ပြော​ပါ​မည်။ 7သူ​တို့​သည် အ​လွန်​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို အောက်​မေ့​ဖို့​ရာ မြွက်​ဆို၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ရာ​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။
8ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ၍၊ ခ​န္တီ​တော်​နှင့် က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​ပါ၏။ 9ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။ 10အို​ထာ​ဝ​ရ​ဘု​ရား၊ ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​သည် ဂုဏ်​တော်​တို့​ကို​ပြ၍၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​သည် ကောင်း​ချီး​ပေး​ကြ​ပါ၏။ 11နိုင်​ငံ​တော်၏​ဘုန်း​ကို​လည်း​ကောင်း၊ တန်​ခိုး​တော်​ကို​လည်း​ကောင်း ဟော​ပြော​မြွက်​ဆို​သ​ဖြင့်၊ 12တန်​ခိုး​ပါ​သော​အ​မှု​တော်​များ​နှင့် နိုင်​ငံ​တော်၏​ဘုန်း​အ​သ​ရေ​များ​ကို လူ​သား​တို့​အား ဖော်​ပြ​ကြ​ပါ၏။ 13ကိုယ်​တော်၏​နိုင်​ငံ​သည် နိ​စ္စ​ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၍၊ အာ​ဏာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​ရ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လဲ​သော​သူ​ရှိ​သ​မျှ​တို့​ကို ထောက်​မ​တော်​မူ၏။ 14နှိမ့်​ချ​သော​သူ​အ​ပေါင်း​တို့​ကို ကြွ​ပင့်​တော်​မူ၏။ 15ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် ကိုယ်​တော်​ကို​မျှော်​ကြည့်​ကြ၍၊ အ​ချိန်​တန်​မှ သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ 16လက်​တော်​ကို​ဖွင့်၍၊ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ရောင့်​ရဲ​စေ​တော်​မူ၏။ 17ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​ရှိ​သ​မျှ​တို့​သည် ဖြောင့်​မတ်၍၊ ခပ်​သိမ်း​သော​အ​မှု​တော်​တို့​သည် သန့်​ရှင်း​ကြ​ပါ၏။ 18ထာ​ဝ​ရ​ဘု​ရား​သည် ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း၊ သ​စ္စာ​နှင့်​တ​ကွ ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့၏​အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။ 19ကြောက်​ရွံ့​သော​သူ​တို့၏​အ​လို​ကို ပြည့်​စုံ​စေ​တော်​မူ၏။ ထို​သူ​တို့၏​အော်​ဟစ်​ခြင်း​ကို​ကြား၍ ကယ်​တင်​တော်​မူ၏။ 20ထာ​ဝ​ရ​ဘု​ရား​သည် ကြည်​ညို​သူ​အ​ပေါင်း​တို့​ကို စောင့်​မ​တော်​မူ၏။ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​ကို​ကား၊ ဖျက်​ဆီး​တော်​မူ​မည်။ 21ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​လျက် ငါ​မြွက်​ဆို​မည်။ ခပ်​သိမ်း​သော​လူ​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော်​ကို က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​ပေး​ကြ​စေ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 145: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။