YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 139

139
အ​ကြွင်း​မဲ့​သိ​မြင်​ခြင်း​နှ​င့်​ကြ​ည့်​ရှု​ခြင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။ 2အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။ 3အ​ကျွန်ုပ်​သွား​သော လမ်း​ကို​လည်း​ကောင်း၊ အိပ်​ရာ​ကို​လည်း​ကောင်း စစ်​ဆေး၍၊ အ​ကျွန်ုပ်​ကျင့်​သော အ​ကျင့်​အ​လုံး​စုံ​တို့​ကို ကျွမ်း​တော်​မူ၏။ 4အ​ကျွန်ုပ်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​မြွက်​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကြွင်း​မဲ့ သိ​တော်​မူ၏။ 5ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ပတ်​လည်​ဝိုင်း​ထား၍၊ အ​ကျွန်ုပ်​အ​ပေါ်​မှာ လက်​တော်​ကို တင်​တော်​မူ​ပြီ။ 6ထို​သို့​သော ဉာဏ်​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​မ​တတ်​နိုင်​ပါ။ မြင့်​မြတ်​သည်​ဖြစ်၍ အ​ကျွန်ုပ် မ​မီ​နိုင်​ပါ။ 7ဝိ​ညာဉ်​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ မျက်​နှာ​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ ပြေး​နိုင်​ပါ​မည်​နည်း။ 8ကောင်း​ကင်​သို့​တက်​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၌ အိပ်​ရာ​ကို​ခင်း​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ 9နံ​နက်​အ​တောင်​တို့​ကို​ယူ၍ သ​မု​ဒ္ဒ​ရာ​စွန်း၌​နေ​လျှင်၊ 10ထို​အ​ရပ်၌​ပင် ကိုယ်​တော်၏​လက်​သည် အ​ကျွန်ုပ်​ကို​ပို့​ဆောင်​လျက်၊ လက်​ယာ​လက်​တော်​သည် ကိုင်​လျက်​ရှိ​ပါ​လိမ့်​မည်။ 11အ​ကယ်၍ မှောင်​မိုက်​သည် ငါ့​ကို​ဖုံး​လွှမ်း​မည်​ဟု တစ်​ဖန်​ဆို​လျှင်၊ ည​သည်​လည်း အ​ကျွန်ုပ်​ပတ်​ဝန်း​ကျင်၌ အ​လင်း​ဖြစ်​ပါ​လိမ့်​မည်။ 12အ​ကယ်​စင်​စစ် မှောင်​မိုက်​သည် ရှေ့​တော်၌ အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖုံး​နိုင်​ပါ။ ည​သည် နေ့​ကဲ့​သို့​လင်း​ပါ၏။ မှောင်​မိုက်​သ​ဘော​နှင့် အ​လင်း​သ​ဘော​သည်​တူ​ပါ၏။
13ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ 14အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ 15မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ 16မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။ 17အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၌ ကိုယ်​တော်၏​အ​ကြံ​အ​စည်​တို့​သည် အ​လွန်​ထူး​ဆန်း​ကြ​ပါ၏။ အ​လွန်​များ​ပြား​ကြ​ပါ၏။ 18ထို​အ​ကြံ​အ​စည်​တော်​တို့​ကို ရေ​တွက်​လျှင်၊ သဲ​လုံး​နှင့်​အ​မျှ​မ​က သာ၍ များ​ပြား​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် နိုး​သော​အ​ခါ ကိုယ်​တော်​ထံ၌ အ​စဉ်​ရှိ​ပါ၏။
19အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မ​တ​ရား​သော​သူ​တို့​ကို ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ လူ​အ​သက်​ကို သတ်​တတ်​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ 20ထို​သူ​တို့​သည် ကိုယ်​တော်​တစ်​ဖက်၌ မ​နာ​လို​သော​စိတ်​နှင့် ပြော​ဆို၍၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ဝါ​ကြွား​ကြ​ပါ၏။ 21အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အ​ကျွန်ုပ်​မုန်း​ပါ​သည် မ​ဟုတ်​လော။ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​ကို အ​ကျွန်ုပ်​ရွံ​ရှာ​ပါ​သည် မ​ဟုတ်​လော။ 22ထို​သူ​တို့​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​မုန်း​ပါ၏။ ကိုယ်​ရန်​သူ​ကဲ့​သို့ မှတ်​ပါ၏။ 23အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​စစ်​ကြော၍၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို သိ​မှတ်​တော်​မူ​ပါ။ စုံ​စမ်း၍ စိတ်​အ​ထင်​များ​ကို​လည်း သိ​မှတ်​တော်​မူ​ပါ။ 24ဆိုး​သော​လမ်း​သို့ အ​ကျွန်ုပ်​လိုက်​သည် မ​လိုက်​သည်​ကို​ကြည့်​ရှု၍၊ ထာ​ဝ​ရ​လမ်း​ထဲ​သို့ သွေး​ဆောင်​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 139: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။