YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 128:1-6

ဆာလံ 128:1-6 JBMLE

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​ခ​ရီး​တော်​သို့​လိုက်​သွား​သ​မျှ​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ထို​သို့​ပြု​လျှင် သင်​သည် မိ​မိ​လက်​နှင့် လုပ်​ဆောင်၍​ရ​သော​အ​စာ​ကို စား​ရ​လိမ့်​မည်။ မင်္ဂ​လာ​ရှိ၍ ကောင်း​စား​ရ​လိမ့်​မည်။ သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​သည် ထို​သို့​သော​မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကောင်း​ချီး​ပေး​တော်​မူ၍၊ ယေ​ရု​ရှ​လင်​မြို့​ခံ​ရ​သော ကောင်း​ကျိုး​ကို တစ်​သက်​လုံး​မြင်​ရ​လိမ့်​မည်။ မိ​မိ​သား​သ​မီး​တို့၌ ဖွား​မြင်​သော​သား​သ​မီး​တို့​ကို​လည်း မြင်​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း ရှိ​ပါ​စေ​သော။