YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 110

110
ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သော​ဘု​ရင်
1ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ၊ ငါ​မ​ချ​ထား​မီ​တိုင်​အောင်၊ ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ၏။#မ၊ ၂၂း၂၄။ မာ၊ ၁၂း၃၆။ လု၊ ၂၀း၄၂-၄၃။ တ၊ ၂း၃၄-၃၅။ ၁​ကော၊ ၁၅း၂၅။ ဧ၊ ၁း၂၀-၂၂။ ကော၊ ၃း၁။ ဟေ၊ ၁း၁၃၊ ၈း၁၊ ၁၀း၁၂-၁၃။ 2ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်၏​အာ​ဏာ​တော်​လှံ​တံ​ကို ဇိ​အုန်​မြို့​မှ လွှတ်​တော်​မူ​မည်။ ကိုယ်​တော်​သည် ရန်​သူ​တို့၏​အ​လယ်၌ အုပ်​စိုး​တော်​မူ​လိမ့်​မည်။ 3တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော်​မ​မူ။။#ဟေ၊ ၅း၆၊ ၆း၂၀၊ ၇း၁၇၊ ၂၁။ 5လက်​ယာ​တော်​နား​မှာ​ရှိ​သော​ဘု​ရား​ရှင်​သည် အ​မျက်​တော်​အ​ချိန်​ကာ​လ၌ ရှင်​ဘု​ရင်​တို့​ကို ဒဏ်​ခတ်​တော်​မူ​မည်။
6ငါ၏​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် တ​ရား​စီ​ရင်​လျက်၊ အ​သေ​ကောင်​တို့​ကို အ​နှံ့​အ​ပြား​ဖြစ်​စေ၍၊ ကျယ်​သော​မြေ၌ သူ​တို့​ဦး​ခေါင်း​ကို နှိပ်​စက်​တော်​မူ​မည်။ 7လမ်း​နား​မှာ​စီး​သော​ရေ​ကို​သောက်၍၊ ခေါင်း​တော်​ကို ချီး​မြှင့်​တော်​မူ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 110: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။