YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:23-32

ဆာလံ 107:23-32 JBMLE

သင်္ဘော​စီး​လျက် ပင်​လယ်​ကို​ကူး၍၊ ရေ​များ​ပေါ်​မှာ လုပ်​ဆောင်​သော​သူ​တို့​သည်၊ နက်​နဲ​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​နှင့်၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို မြင်​ရ​ကြ၏။ အ​မိန့်​တော်​ရှိ၍ လေ​ပြင်း​မုန်​တိုင်း​တိုက်​သ​ဖြင့်၊ လှိုင်း​တံ​ပိုး​တို့​ကို ထ​စေ၏။ မိုး​ကောင်း​ကင်​တိုင်​အောင် တက်​လျက်၊ နက်​နဲ​ရာ​ထဲ​သို့​ဆင်း​လျက် တွေ့​သော​ဘေး​ကြောင့်၊ သူ​တို့​သည် စိတ်​ပျက်​ကြ၏။ တ​လည်​လည်​သွား​လျက် ယစ်​မူး​သော​သူ​ကဲ့​သို့ တိမ်း​ယိမ်း​လျက်​နေ၍ ဉာဏ်​တိမ်​မြုပ်​ခြင်း ရှိ​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ထုတ်​ဆောင်​တော်​မူ၏။ လေ​ပြင်း​ကို​ပျောက်​စေ​တော်​မူ၍၊ လှိုင်း​တံ​ပိုး​များ​လည်း ငြိမ်​ဝပ်​ကြ၏။ ထို​သို့​ငြိမ်​ဝပ်​သော​ကြောင့် သူ​တို့​သည် ဝမ်း​မြောက်​ကြ၏။ အ​လို​ရှိ​ရာ​သင်္ဘော​ဆိပ်​သို့ ပို့​ဆောင်​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ လူ​ပ​ရိ​သတ်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍ အ​သက်​ကြီး​သူ​တို့၏ အ​စည်း​အ​ဝေး၌ ချီး​မွမ်း​ကြ​စေ။