ဆာလံ 107:1-7
ဆာလံ 107:1-7 JBMLE
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ရန်သူ၏လက်မှ ထာဝရဘုရားနုတ်၍ အရှေ့အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ။ သူတို့သည် တောတွင် လူဆိတ်ညံရာအရပ်၌လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။ ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။ ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နုတ်တော်မူ၏။ သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှာ၊ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။


