YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 105:26-41

ဆာလံ 105:26-41 JBMLE

တစ်​ဖန် မိ​မိ​ကျွန်​မော​ရှေ​နှင့် ရွေး​ကောက်​တော်​မူ​သော​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ၏။ အဲ​ဂု​တ္တု​ပြည်​သား​တို့​တွင်၊ လ​က္ခ​ဏာ​သက်​သေ​တော်​တို့​ကို​ပြ၍၊ ဟာ​မ​အ​မျိုး​နေ​ရာ​ပြည်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​ကြ၏။ မှောင်​မိုက်​ကို​စေ​လွှတ်၍၊ မိုက်​မဲ​စေ​တော်​မူ၏။ သူ​တို့​သည် နှုတ်​က​ပတ်​တော်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ရ​ကြ။ သူ​တို့​ရေ​များ​ကို​အ​သွေး​ဖြစ်​စေ၍၊ ငါး​များ​ကို သေ​စေ​တော်​မူ၏။ သူ​တို့​မြေ​သည် များ​စွာ​သော​ဖား​တို့​ကို မင်း​အိပ်​ရာ​အ​ခန်း​တို့၌​ပင် ဖွား​လေ၏။ အ​မိန့်​တော်​ရှိ၍ ယင်​ရဲ​နှင့် ခြင်​တို့​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​ကြ၏။ မိုး​ရေ​အ​စား မိုး​သီး​ကို​လည်း​ကောင်း၊ သူ​တို့​မြေ​ပေါ်​မှာ မီး​လျှံ​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ သူ​တို့​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​ထိ​ခိုက်၍၊ တစ်​ပြည်​လုံး၌​ရှိ​သော သစ်​ပင်​များ​ကို ချိုး​တော်​မူ၏။ အ​မိန့်​တော်​ရှိ၍ မ​ရေ​တွက်​နိုင်​အောင်၊ အ​ရာ​ဘ​ကျိုင်း​နှင့် ယာ​လက်​ကျိုင်း​တို့​သည်​လာ၍၊ သူ​တို့​ပြည်​မှာ ဟင်း​သီး​ဟင်း​ရွက်​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ မြေ​ဩ​ဇာ​အ​သီး​အ​နှံ​တို့​ကို​လည်း​ကောင်း ကိုက်​စား​ကြ၏။ သူ​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်​တည်း​ဟူ​သော သူ​တို့​ပြည်​မှာ သား​ဦး​အ​ပေါင်း​တို့​ကို ဒဏ်​ခတ်​တော်​မူ၏။ မိ​မိ​လူ​တို့​ကို ရွှေ​ငွေ​ပါ​လျက် ထုတ်​ဆောင်​တော်​မူ၍၊ သူ​တို့​အ​စု​စု၌ အား​နည်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ အဲ​ဂု​တ္တု​ပြည်​သည် သူ​တို့​ကို​ကြောက်​သော​ကြောင့်၊ သူ​တို့​သည် ထွက်​သွား​သော​အ​ခါ တစ်​ပြည်​လုံး ဝမ်း​မြောက်၏။ သူ​တို့​အ​ပေါ်​မှာ မိုး​တိမ်​ကို​ဖြန့်​မိုး၍၊ ည​အ​ခါ​လင်း​စ​ရာ​ဖို့ မီး​ကို​ပေး​တော်​မူ၏။ သူ​တို့​သည် တောင်း​သော​အ​ခါ ငုံး​များ​ကို​ဆောင်​ခဲ့​တော်​မူ၍၊ သူ​တို့​ကို ကောင်း​ကင်​မုန့်​နှင့် ရောင့်​ရဲ​စေ​တော်​မူ၏။ ကျောက်​ကို​လည်း ဖွင့်​လှစ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ထွက်၍ သွေ့​ခြောက်​သော​အ​ရပ်၌ မြစ်​ကဲ့​သို့ စီး​သွား​လေ၏။