YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 104:1-35

ဆာလံ 104:1-35 JBMLE

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ၏။ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။ အ​ဝတ်​နှင့်​ခြုံ​သ​ကဲ့​သို့၊ အ​လင်း​နှင့် ကိုယ်​တော်​ကို​ခြုံ​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်​တော်​မူ​ထ​သော၊ နေ​တော်​မူ​ရာ​အ​ထက်​ခန်း၊ အ​မြစ်​ကို​ရေ၌ တည်​တော်​မူ​ထ​သော၊ မိုး​တိမ်​ရ​ထား​ကို​စီး၍၊ လေ​အ​တောင်​တို့​ဖြင့် ကြွ​သွား​တော်​မူ​ထ​သော၊ မိ​မိ​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​အ​စေ​အ​ပါ​တို့​ကို မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ထ​သော၊ မြေ​ကြီး​အ​မြစ်​ကို ကာ​လ​အ​စဉ်​အ​မြဲ မ​ရွေ့​မ​လှုပ်​စေ​ခြင်း​ငှာ၊ တည်​တော်​မူ​သော​ဘု​ရား​ပေ​တည်း။ ကိုယ်​တော်​သည် မြေ​ကြီး​ကို အ​ဝတ်​နှင့်​ဖုံး​သ​ကဲ့​သို့၊ ပင်​လယ်​နှင့် ဖုံး​တော်​မူ၍၊ ရေ​တို့​သည် တောင်​များ​အ​ပေါ်​မှာ ရပ်​နေ​ကြ​ပါ၏။ တစ်​ဖန်​ဆုံး​မ​တော်​မူ၍ သူ​တို့​သည် ပြေး​ကြ​ပါ၏။ မိုး​ချုန်း​တော်​မူ​သံ​ကို​ကြား၍၊ အ​လျင်​အ​မြန် ပြန်​သွား​ကြ​ပါ၏။ တောင်​တို့​သည် တက်​လျက်၊ ချိုင့်​တို့​သည်​ဆင်း​လျက်၊ သူ​တို့​ဖို့ ခွဲ​ခန့်​တော်​မူ​သော အ​ရပ်​သို့ ရောက်​ကြ​ပါ၏။ ရေ​တို့​သည် ပြန်​လာ၍ မြေ​ကြီး​ကို မ​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ မ​ကျော်​ရ​သော​နယ်​စပ်​ကို ပိုင်း​ခြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ချိုင့်​များ​ထဲ​သို့ စမ်း​ရေ​ကို​လွှတ်​တော်​မူ၍၊ ရေ​သည် တောင်​တို့​တွင်​စီး​လျက်၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​အား သောက်​ရ​သော​အ​ခွင့်​ကို ပေး၏။ မြည်း​ရိုင်း​တို့​သည် အ​ငတ်​ပြေ​ရ​ကြ၏။ ထို​ရေ​အ​နား​မှာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် နေ​ရာ​ကျ၍၊ သစ်​ပင်​အ​ခက်​အ​လက်​တို့​တွင် ကြွေး​ကြော်​ကြ၏။ အ​ထက်​ခန်း​တော်​ထဲ​က တောင်​များ​ကို ရေ​ပေး​တော်​မူ၏။ စီ​ရင်​ပြု​ပြင်​တော်​မူ​ခြင်း​အ​ကျိုး​ကြောင့်၊ မြေ​ကြီး​သည် ရောင့်​ရဲ​လျက်​ရှိ၏။ တိ​ရ​စ္ဆာန်​ဖို့ မြက်​ပင်​ကို​လည်း​ကောင်း၊ လူ​သုံး​ဖို့ စ​ပါး​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ထဲ​က မုန့်​ကို​ထုတ်​ဖော်​တော်​မူ၏။ စ​ပျစ်​ရည်​သည်​လည်း လူ​တို့​ကို ရွှင်​လန်း​စေ၏။ ဆီ​အား​ဖြင့်​လည်း သူ​တို့​မျက်​နှာ​ကို ပြောင်​စေ​တော်​မူ၏။ မုန့်​သည်​လည်း၊ သူ​တို့​နှ​လုံး​ကို​ထောက်​မ၏။ ထာ​ဝ​ရ​ဘု​ရား၏ သစ်​ပင်၊ စိုက်​တော်​မူ​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​သည်​လည်း ရောင့်​ရဲ​လျက်​ရှိ​ကြ၏။ ထို​အ​ပင်​တို့၌ ငှက်​တို့​သည် အ​သိုက်​လုပ်​တတ်​ကြ၏။ ထင်း​ရှူး​ပင်​တို့၌ တော​ငန်း​တို့​သည် နေ​ရာ​ကျ​တတ်​ကြ၏။ မြင့်​သော​တောင်​တို့​သည် တော​ဆိတ်​များ​မှီ​ခို​ရာ၊ ကျောက်​တို့​သည် ရှာ​ဖန်​ယုန်​များ မှီ​ခို​ရာ ဖြစ်​ကြ၏။ ချိန်း​ချက်​သော​အ​ချိန်​ဖို့၊ လ​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ နေ​သည်​လည်း၊ မိ​မိ​ဝင်​ရ​သော အ​ချိန်​ကို​သိ၏။ ကိုယ်​တော်​သည် မှောင်​မိုက်​ကို စီ​ရင်​တော်​မူ၍ ည​ဖြစ်​ပါ၏။ ထို​အ​ချိန်၌ တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည်​တွား​လျက် ထွက်​တတ်​ကြ​ပါ၏။ ခြင်္သေ့​ပျို​တို့​သည် လု​ယက်​ခြင်း​အ​လို​ငှာ​ဟောက်၍၊ ဘု​ရား​သ​ခင့်​ထံ​မှာ အ​စာ​ကို ရှာ​ကြ​ပါ၏။ တစ်​ဖန် နေ​ထွက်​ပြန်​လျှင်၊ သူ​တို့​သည် ဆုတ်​သွား၍ နေ​မြဲ​တွင်း​တို့၌ အိပ်​နေ​ကြ​ပါ၏။ လူ​သည်​လည်း လုပ်​ဆောင်​ပြု​မူ​ခြင်း​ငှာ ညဉ့်​ဦး​တိုင်​အောင် ထွက်​သွား​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စီ​ရင် ပြု​ပြင်​တော်​မူ​သော​အ​ရာ​တို့​သည် အ​လွန်​များ​ပြား​ပါ၏။ ရှိ​ရှိ​သ​မျှ​တို့​ကို ပ​ညာ​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ၏။ မြေ​ကြီး​သည် ဘ​ဏ္ဍာ​တော်​နှင့် ကြွယ်​ဝ​ပါ၏။ မ​ရေ​တွက်​နိုင်​အောင် တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​အ​များ​တို့​နေ​ရာ ကြီး​မား​ကျယ်​ဝန်း​သော သ​မု​ဒ္ဒ​ရာ​လည်း​ရှိ​ပါ​သေး၏။ ထို​အ​ရပ်၌ သင်္ဘော​တို့​သည် သွား​လာ​ကြ​ပါ၏။ ထို​အ​ရပ်၌ ကွန့်​မြူး​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​သော ငါး​ကြီး​လ​ဝိ​သန်​သည်​လည်း​ရှိ​ပါ၏။ ထို​သို့​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ချိန်​တန်​လျှင် အ​စာ​ကျွေး​တော်​မူ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ကြ​ပါ၏။ ကိုယ်​တော်​ချ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိမ်း​ယူ​ကြ​ပါ၏။ လက်​တော်​ကို ဖွင့်​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​ကြ​ပါ၏။ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​လျှင်၊ သူ​တို့​သည် ပင်​ပန်း​ကြ​ပါ၏။ သူ​တို့​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ သူ​တို့​သည်​သေ၍ မိ​မိ​တို့​မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​ကြ​ပါ၏။ တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နိ​စ္စ​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​တော်​တို့​တွင် ဝမ်း​မြောက်​တော်​မူ၏။ မြေ​ကြီး​ကို ကြည့်​ရှု​တော်​မူ၍ သူ​သည် တုန်​လှုပ်​တတ်၏။ တောင်​တို့​ကို​တို့​တော်​မူ၍၊ သူ​တို့​သည် မီး​ခိုး​ထွက်​တတ်​ကြ​ပါ၏။ ငါ​သည် အ​သက်​ရှင်​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သီ​ချင်း​ဆို​မည်။ ငါ​ဖြစ်​သည် ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ ငါ​ဥ​ဒါန်း​ကျူး​ခြင်း​အ​သံ​သည် နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ရွှင်​လန်း​လိမ့်​မည်။ ပြစ်​မှား​သော​သူ​တို့​ကို မြေ​ကြီး​မှ​သုတ်​သင်​ပယ်​ရှင်း၍၊ မ​တ​ရား​သော​သူ​တို့​သည် နောက်​တစ်​ဖန်​မ​ဖြစ်​ရ​ကြ။ အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ဟာ​လေ​လု​ယ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။