ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှသောသူတို့အဖို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။ ဘာသာဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌လည်းကောင်း ပြတော်မူပြီ။ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။ အစဉ်မပြတ် အပြစ်တင်တော်မူသည် မဟုတ်။ အငြိုးကို အမြဲထားတော်မူသည် မဟုတ်။ ငါတို့ပြစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။
ဆာလံ 103 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 103
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 103:6-14
7 နေ့ရက်များ
ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ