YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 103:14-18

ဆာလံ 103:14-18 JBMLE

အ​ကြောင်း​မူ​ကား၊ ငါ​တို့​ကိုယ်​ခ​န္ဓာ​ကို သိ​တော်​မူ၏။ ငါ​တို့​သည် မြေ​မှုန့်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ၏။ လူ​တို့၏​နေ့​ရက်​ကာ​လ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​သည်​လယ်​ပြင်၌​ရှိ​သော ပန်း​ပွင့်​ကဲ့​သို့ ပွင့်​တတ်၏။ လေ​သည်​လွန်​သွား​လျှင် အ​ပွင့်​ပျောက်၍၊ သူ၏​နေ​ရာ​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရာ။ ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။ သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။