YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 102:24-27

ဆာလံ 102:24-27 JBMLE

ငါ​လျှောက်​သော​အ​ချက်​ဟူ​မူ​ကား၊ အို အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အ​သက်​ပျို​စဉ်​ပင် ပယ်​ရှား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​နှစ်​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မြဲ​ကြ​ပါ၏။ ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။ ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့်၊ ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​လည်း မ​ကုန်​မ​ဆုံး​ရ​ပါ။