YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 8:1-11

သုတ္တံ 8:1-11 JBMLE

ဉာဏ်​ပ​ညာ​သည်​ခေါ်၍ မိ​မိ​အ​သံ​ကို လွှင့်​သည် မ​ဟုတ်​လော။ မြင့်​သော​အ​ရပ်​ထိပ်၌​လည်း​ကောင်း၊ လမ်း​ခ​ရီး​အ​နား၌​လည်း​ကောင်း ရပ်​နေ၏။ ကြီး​သော​တံ​ခါး​ဝ၊ မြို့​တံ​ခါး၊ အိမ်​တံ​ခါး​ဝ​မှာ​ကြွေး​ကြော်၍၊ အ​ချင်း​လူ​တို့၊ သင်​တို့​အား ငါ​ခေါ်၏။ လူ​သား​တို့​အား အ​သံ​ကို​ငါ​လွှင့်၏။ ဉာဏ်​တိမ်​သော​သူ​တို့၊ ပ​ညာ​တ​ရား​ကို နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ ထိုး​ထွင်း​သော​ဉာဏ်​ရှိ​ကြ​လော့။ နား​ထောင်​ကြ။ မြတ်​သော​စ​ကား​ကို ငါ​ပြော​မည်။ မှန်​သော​တ​ရား​စ​ကား​ကို ငါ​နှုတ်​မြွက်​မည်။ ငါ့​နှုတ်​ထွက်​စ​ကား​သည် သ​မ္မာ​တ​ရား​နှင့်​သာ​ဆိုင်၍၊ ငါ့​နှုတ်​ခမ်း​တို့​သည် ဒု​စ​ရိုက်​ကို​စက်​ဆုပ်​ရွံ​ရှာ၏။ ငါ​ဟော​ပြော​သ​မျှ​သော စ​ကား​တို့​သည်​ဖြောင့်​မတ်၍၊ ကောက်​သော​သ​ဘော၊ ဖောက်​ပြန်​သော​သ​ဘော​နှင့် ကင်း​စင်​ကြ၏။ နား​လည်​သော​သူ၌ အ​လုံး​စုံ​ရှင်း​လင်း၍၊ ပ​ညာ​ကို​ရ​သော သူ​တို့​အား​ဟုတ်​မှန်​ကြ၏။ ငွေ​အ​ရင်၊ ငါ့​နည်း​ကို​လည်း​ကောင်း၊ မြတ်​သော​ရွှေ​အ​ရင်၊ ပ​ညာ​အ​တတ်​ကို​လည်း​ကောင်း ခံ​ယူ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍​မြတ်၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။